သီပေါ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁နာရီ က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းဆေးကုဌာနနှင့်ပူးပေါင်း၍ တိုင်းရင်းဆေးပညာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာဦးစီးမှူး က အသိပညာပေးဆွေးနွေးပွဲ (Talk Show) များပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဆောင်းဥတုကာလတွင် လိုက်နာရှောင်ကြဉ်ရမည့်အချက်များနှင့် ပတ်သက်၍ မေးမြန်းရာ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်တင်တင်စန်း က ဆောင်းဥတုကာလတွင်ဖြစ်ပွားတတ်သော ရောဂါများ၊ စားသောက်ရမည့် အစားအစာများ၊ နေထိုင်ရမည့် နည်းလမ်းများ၊ ရောဂါဖြစ်ပါက သောက်သုံးရမည့်ဆေးဝါးများ၊ ဓာတ်စာများ၊ ဆောင်ရန်/ ရှောင်ရန်များကို ပြည့်ပြည့်စုံစုံ ဆွေးနွေးပေးခဲ့သည်။ ထိုကဲ့သို့ အသိပညာ ပေးခြင်း (Talk Show) များကို ရိုက်ကူး၍ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ဖွင့်လှစ်ထားသော IPRD Hsipaw Facebook Page တွင် ပြည်သူများအိမ်မှာနေရင်း အသိပညာ ဗဟုသုတရရှိစေမည့် အစီအစဉ်များကြည့်ရှုနိုင်စေရန် ထုတ်လွှင့်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)