မိုင်းကိုင် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့၌ နှာခေါင်းစည်း မတပ်ဆင်သူ လမ်းသွားလမ်းလာများအား အရေးယူမှု စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် မိုင်းကိုင်မြို့နယ် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းစွမ်မိုင်းနှင့် ရပ်မိရပ်ဖ များ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့က ပူးပေါင်းပြီး နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာပေးကာလ သတ်မှတ်ခဲ့ပြီး ယခုအချိန်ထိ လိုက်နာဆောင်ရွက်မှု အားနည်းနေသူ များအား နှာခေါင်းစည်းများ တပ်ဆင် စေခြင်း၊ စာရင်းပြုစုထားရှိခြင်းများ ပြုလုပ်ကာ စည်းကမ်းလိုက်နာမှုအားနည်းသူ ၅၈ ဦးတို့ကို ဒဏ်ငွေ ၂၀၀ ကျပ်စီ ပေးဆောင်စေခဲ့ကြောင်းနှင့် အဆိုပါငွေများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ် ကုသရေးကော်မတီထံသို့ ပြန်လည် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)