မိတ္ထီလာ၊ အောက်တိုဘာလ ၂၁
မိတ္ထီလာမြို့နယ် ဇောင်းချမ်းကုန်းကျေးရွာအုပ်စု မကျီးချောက်ကျေးရွာတွင် ယာမြေကွက်အား ဘက်ဟိုးဖြင့် မြေညှိ မြေထိုးပြုလုပ်ပေးရာမှ ယမန်နေ့ နံနက်က ၁၀ နာရီ ၁၅ မိနစ် အချိန်က စစ်ကျန်ဗုံးသီးဟောင်း(သံချေးတက်) တစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
ဇောင်းချမ်းကုန်းကျေးရွာအုပ်စု မကျီးချောက်ကျေးရွာနေ တောင်သူ ဦးကျော်သိန်း၏ ကွင်းအမှတ် ၇၂၃ရှိ ယာမြေကွက်တွင် လိန်တောကျေးရွာနေ ဦးပိစိမှ ဘက်ဟိုးဖြင့် မြေညှိ မြေထိုးပြုလုပ် ပေးနေစဉ် သံချေတက်နေသော စစ်ကျန်ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိခဲ့ဖြင့် အမှတ်(၃) နယ်မြေရဲစခန်းသို့ ဖုန်းဆက်သွယ်အကြောင်းကြားခဲ့ရာ အမှတ်(၃)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းမြင့်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဗုံးသီးဟောင်းတွေ့ရှိသည့်နေရာသို့ သွား ရောက် ကြည့်ရှု့ခဲ့ရာ အဆိုပါ ဗုံးသီးဟောင်းမှာ အလျား ၃ ပေ ၃ လက်မ၊ လုံးပတ် ၃ပေ ၃ လက်မ ခန့်ရှိ သံချေးတက် (သုံးမရ) ဗုံးသီးဟောင်းဖြစ်ကြောင်း သိရှိရပြီး အမှတ်(၉၁၁) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း ၊တပ်ခွဲ(၃)သို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ပြီး ၎င်းတပ်မှ ဗိုလ်ကြီးအောင်ပွင့်ဦးနှင့် တပ်ဖွဲ့ဝင်များထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)