ပလောက် အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများကို ပြည်သူများအား ယနေ့နံနက်ပိုင်းက လှူဒါန်း ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများ လှူဒါန်းရာတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု ပလောက်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက မြို့စည်ပင်သာယာဈေးအတွင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်မှအပြင်သို့ထွက်ခွာတိုင်း နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်တတ်စေရန် အသိပညာပေးကာ နှာခေါင်းစည်း (၃၀၀၀) ခုကို ပြည်သူတစ်ဦးချင်းစီ၏ လက်ဝယ်အရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်