ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ မဲရုံမှူး သင်တန်းဖွင့်လှစ်နိုင်‌ရေးနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ကွမ်းခြံကုန်း အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်း ဖွင့်လှစ်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မနက် (၁၁)နာရီက မြို့နယ်ကော်မရှင်အဖွဲ့(ခွဲ)ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့(ခွဲ)ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်က (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသူအားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ ယခုလ(၂၄) ရက်နေ့နှင့် (၂၅)ရက်တွင် ဖွင့်လှစ်မည့် မဲရုံမှူး၊ ဒုမဲရုံမဲမှူး သင်တန်းနှင့် ပတ်သက်ပြီး သင်တန်းအား  နေရာ()ခုခွဲ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သင်တန်းသား သင်တန်းသူ(၃၆၀)ဦးအား တစ်ရက်လျှင် (၁၈၀)ဦး၊ သင်တန်းတစ်ခုတွင် (၄၅)ဦးအား မနက်()နာရီမှ ညနေ()နာရီထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကော်မရှင်အဖွဲ့ဝင်များမှ သင်တန်းဖွင့်လှစ်မှုနှင့် ပတ်သက်ပြီး အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)