ပျော်ဘွယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဝန်ထမ်းများအား နှာခေါင်းစည်း၊ စားသုံးဆီ၊ ကြက်ဉ၊ ခေါက်ဆွဲထုပ်၊ ဆပ်ပြာခဲများထောက်ပံ့ပေးအပ်

ပျော်ဘွယ် အောက်တိုဘာ ၂၁


ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးတွင် တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း နှာခေါင်းစည်း၊ စားသုံးဆီ၊ ကြက်ဉ၊ ခေါက်ဆွဲ ထုပ်၊ လက်ဆေးဆပ်ပြာခဲများထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင် က ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ဝန်ထမ်းအချင်းချင်းသတိပေးပြောကြားရမည့် အချက် များကိုလည်းကောင်း၊ မိမိတို့ဌာနသည် အများပြည်သူကို အသိပညာပေးနေသောဌာနဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကိုလိုက်နာရေး၊ တာဝန်အရသွားလာရာတွင်လည်း သတ်မှတ်အကွာအဝေး မှ နေထိုင်ရန်နှင့် နှာခေါင်းစည်းများတပ်ဆင်ရေးတို့ကိုရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဝန်ထမ်းများအား နှာခေါင်းစည်း၊ စားသုံးဆီ၊ ကြက်ဉ၊ ခေါက်ဆွဲထုပ်၊ လက်ဆေးဆပ်ပြာခဲ များကို မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင် က ဝန်ထမ်းတစ်ဦးချင်းအားထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)