ဒဂုံမြို့သစ်(အရှေ့ပိုင်း) အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် စေ့စပ်ညှိနှိုင်းရေး အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးဟိန်းက အမှာစကားပြောကြားရာတွင် ထုတ်ပြန် ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်ကမ်းများကို သိရှိလိုက်နာဆောင်ရွက်ရန် နှင့် ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များ၊ အမိန့်ညွှန်ကြားချက်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်များနှင့်အညီ ကော်မတီအဆင့်ဆင့်က လျင်မြန်ထိရောက်စွာ စေ့စပ်ညှိနှိုင်းပေးရန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း အငြင်းပွားမှုတွင် ပါဝင်သည့် သက်ဆိုင်သူ တစ်ဦးဦးသည် သက်ဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီများသို့ တိုင်ကြားလာပါက တိုင်ကြားသူနှင့် တိုင်ကြားခံရသူ နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိစေရန် ကူညီညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြီး မြို့နယ် ကော်မရှင်စေ့စပ် ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေး ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော နိုင်ငံရေးပါတီကိုယ်စားလှယ်များက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ရွေး ကောက်ပွဲစေ့စပ်ညှိနှိုင်းရေးအဖွဲ့ခွဲအဖွဲ့ဝင်များ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)