ဒီပဲယင်း အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင်ကမ္ဘောဇဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၅၀ နှင့် ပစ္စည်း ၇ မျိုး လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဒီပဲယင်းမြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။
အဆိုပါ လှူဒါန်းပွဲကို မြို့နယ်ဆရာဝန် ဒေါက်တာစန်းလှိုင်က ယခုလို လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားပြီး ကမ္ဘောဇဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်သီတာဝင်းက လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ သည်။
ဆက်လက်ပြီး ကမ္ဘောဇဘဏ်မှ လှူဒါန်းသော ငွေကျပ်သိန်း၅၀ နှင့်ပစ္စည်း၇မျိုးတို့ကို မြို့နယ် ဆရာဝန်ကြီးထံ ပေးအပ် လှူဒါန်းခဲ့ပြီး နောက် ဒီပဲယင်းမြို့နယ် ဆေးရုံကြီးကြပ်မှုကော်မတီဝင် ဦးမြင့်စိုးမှ ကမ္ဘောဇဘဏ် မန်နေဂျာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
သိန်းထွန်း(ဒီပဲယင်း)