နမ့်စန်(တ) အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်၍ မြန်မာ့ စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၈ နာရီခွဲ က စတင်၍ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ဦးရေ ၈၅၀ ကျော်ရှိပြီး ပင်စင်လစာထုတ်ယူရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အမှတ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အငြိမ်းစားဝန်ထမ်းများကို ထုတ်ပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ တွင် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ အငြိမ်းစားဝန်ထမ်းများကိုလည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ အငြိမ်းစားဝန်ထမ်းများကိုလည်းကောင်း ရက်အလိုက်ခွဲ၍ ဆက်လက်ထုတ်ပေး သွားမည် ဖြစ်ကြောင်း မြို့နယ် ဘဏ်မန်နေဂျာ ဦးဝင်းကျော်ထွေး ထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)