ကရသူရိ အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ စုရပ်(၁)ရှိ အသက်(၉)နှစ်မှ (၁၀)နှစ်ထိမိန်းကလေးတိုင်းကို HPV ကာကွယ်ဆေးကို ယနေ့ နံနက် (၁၀)နာရီက ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထို့သို့ထိုးနှံပေးခြင်းကို ဘုတ်ပြင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ကွယ်မြှာနှင့် ကရသူရိမြို့ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကျန်းမာရေးကြီးကြပ်(၂) ဦးသူရနိုင်တို့က အိတ်ချ်ပီဗီရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက် ရောက်ရောက်ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာလ(၂၁)ရက် နေ့မှ (၂၅)ရက်နေ့အထိ HPV ကာကွယ်ဆေးထိုးနှံရမည့် မိန်းကလေးစုစုပေါင်း(၅၉)ဦးရှိပြီး ယနေ့တွင် (၂၄)ဦးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ ကရသူရိမြို့ အုပ်ချုပ်ရေးမှူးနှင့် တိုက်နယ်ဆေးရုံးတာဝန်ခံဆရာဝန်တို့က လာရောက်ကြည့်ရှုခဲ့ကြောင်းသိရ သည်။
စိုးဝင်း(ပြန်/ဆက်)