ဒေးဒရဲ အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းဦးက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် Quarantine Centre များရှိ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင် အခွဲ့အဖွဲ့ဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲလက်မှတ်စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မဲရုံများအလိုက် မဲလက်မှတ်များစိစစ်၍ ဆောင်ရွက်ပြီး အခြေအနေ များ၊ မဲလက်မှတ်များ၊ မဲရုံသုံးပစ္စည်းများနှင့် ထုတ်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက ရွေးကောက်ပွဲ ကျင်းပမည့်နေ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အနေဖြင့် ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၉၀)တွင် မဲရုံပေါင်း (၁၈၁)ရုံရှိပြီး ဒုတိယအကြိမ် ကပ်ထားကြေညာ လျက်ရှိသည့် မဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင်ဦးရေ (၁၅၂၂၁၈)ဦး ရှိကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)