မိုးကုတ် အောက်တိုဘာ ၂၁
ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို မိုးကုတ်မြို့နယ် ကိုးကန့်စာပေနှင့် ရိုးရာယဉ်ကျေးမှုခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်း ဗီဒီယိုအားပြသကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးမှ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် HPV သားအိမ်ခေါင်းကင်ဆာ ရောဂါကာကာကွယ်ဆေးအသစ် စတင်ထည့်သွင်းထိုးနှံခြင်းလုပ်ငန်းနှင့် ပတ်သက်၍ Zoom Video Meeting ဖြင့် တိုက်ရိုက် ရှင်းလင်းပြောကြား ခဲ့ပြီး အဆိုပါ ကာကွယ်ဆေးနှင့် ပတ်သက်၍အသိပညာပေးဗီဒီယိုအား ဆက်လက်ပြသခဲ့သည်။
ထို့နောက် မိုးကုတ်မြို့နယ် အထွထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးဦးမှ အဖွင့်အမှာစကားပြောကြားကာ အသက် (၉)နှစ်နှင့်(၁၀)နှစ် မိန်းကလေးငယ်များအား HPVသားအိမ်ခေါင်းကင်ဆာ ရောဂါကာ ကာကွယ်ဆေးထိုးနှံနေခြင်း ကို တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများမှ ကြည့်ရှုအားပေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာမြင့်(ပြန်/ဆက်)