ကမ္ဘာ့ကုလသမဂ္ဂကစားနပ်ရိက္ခာအဖွဲ့မှ တောင်သူများကို စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်


ကော့ကရိတ် အောက်တိုဘာ ၂၁


ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ရေကြီးနစ်မြုပ်မှုကျရောက်လျှင် စိုက်ပျိုးရေးသီးနှံ များထိခိုက်လွယ်သည့်  အိမ်ထောင်စုများအားစိုက်ပျိုးရေးသွင်းအား စုပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရေပူကြီးကျေးရွာအုပ်စု၊ မိဂလုံကျေးရွာ အုပ်စုတို့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်သူများကို ထောက်ပံ့ပေးရာတွင် ကော့ကရိတ်မြို့ရေပူကြီးကျေးရွာအုပ်စုမှ အိမ်ထောင်စု(၄၉)စု၊ မိဂလုံကျေးရွာအုပ်စုမှ အိမ်ထောင်စု(၅၄)စုတို့အား တစ်အိမ်ထောင်စုလျှင် မျိုးသန့်ပဲတီစိမ်း(ရေဆင်း၁၄)15kg တစ် အိတ်၊Compound(15:15:15)20kgတစ်အိတ်၊ ကိုဗစ်၁၉ကာလအတွင်း လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများကို ကေ့ာကရိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဉီးစီးမှုးဉီးအောင်နိုင် ၊FAOပြည်နယ် တာဝန်ခံဉီး စပြည့်ဖြိုးအောင်နှင့် စိုက်ပျိုးရေးတာဝန်ခံများမှသွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်မှုနှင့်ပတ်သက်၍မြို့နယ် စိုက်ပျိုးရေးဉီးစီးမှူးဉီးအောင်နိုင်က ထောက်ပံ့ပေးသည့်ပစ္စည်း များ ကိုအကျိုးရှိစွာအသုံးပြုရေး၊ ပဲတီစိမ်းအားGAP စနစ်ဖြင့်စိုက်ပျိုးရေးနှင့်FAOပြည်နယ်တာဝန်ခံ ဉီးစပြည့်ဖြိုးအောင် ကစိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကြသည်။ အဆိုပါ‌ထောက်ပံ့ပေးရာတွင် ကော့ကရိတ်မြို့နယ်တွင်ကျေးရွာအုပ်စု(၃၀)၊ အိမ်ထောင်စု(၁၁၆၆)စုကို ထောက်ပံ့ပေး သွား မည်ဖြစ်ပြီး လက်ရှိတွင်ကျေးရွာအုပ်စု(၁၃)အုပ်စု၊ အိမ်ထောင်စု(၁၄၄)စုအား ထောက်ပံ့ပေးအပ်ထား ပြီးဖြစ်ကြောင်း သိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)