ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၂၁
ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေအရ ဒေသခံတောင်သူများအနေဖြင့် မျိုးစပါးလိုအပ်ချက်မရှိစေရေး မျိုးကောင်းမျိုးသန့် မျိုးစပါးများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ပြီး အခြားတောင်သူများကိုလည်း ပြန်လည်ဖြန့်ဝေပေးနိုင်စေရေးအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော CERP plan အရ မျိုးစပါးနှင့် စိုက်ပျိုးစရိတ် မျိုးခွဲပယ်ခြင်း ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ရှိကြောင်းသိရသည်။
အဆိုပါ မိုးစပါး မျိုးစေ့ထုတ်လုပ်စိုက်ပျိုးလျက်ရှိသော ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် သံပုရာကျေးရွာ၌ မိုးစပါး ဆင်းသုခမျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်စိုက်ခင်း(၁၃)ဧကအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုနှင့်ဝန်ထမ်းများ ယနေ့နံနက်ပိုင်းအချိန်က သွားရောက်ပြီး ပိုးမွှားကျရောက်မှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ မျိုးစေ့ထုတ်လုပ် ဆင်းသုခမိုးစပါးများ အထွက်နှုန်းကောင်းမွန်စေရေး မျိုးနှောမျိုးရောမရှိစေရေး မျိုးကွဲပယ်ခြင်း ပေါင်းမြက်များနှုတ်ပယ်ခြင်း ရောဂါပိုးမွှားများမကျရောက်ကျစေရေး ကျရောက်ပါက ကာကွယ် နှိမ်နှင်းရေး နည်းလမ်းများကို တောင်သူများအား ပညာပေးဆွေးနွေးပြောကြားပြီး မျိုးစပါးရိတ်သိမ်းချိန်တွင် ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေအရ အထူးသတိပြုပြီး အချိန်မှီစနစ်တကျ ရိတ်သိမ်းခြွေလှေ့ သိုလှောင်နိုင်စေရေး အတွက် မြို့နယ်ဦးစီးမှူးဦးဝေလင်းညွန့်က တောင်သူအသိနည်းပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း၌ မိုးစပါး ဆင်းသု မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်စိုက်ပျိုးဧက(၁၄၅)ဧက စိုက်ပျိုးထားကြောင်းသိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)