ကျောက်တံခါးမြို့တွင် (HPV) ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် စတင်ထိုးနှံ

ကျောက်တံခါး အောက်တိုဘာ    ၂၁


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့စာတိုက်ရပ်ကွက် ဦးစံကျော်လမ်းရှိ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အဆင့်အိတ်ပီဗွီ (HPV) ကာကွယ် ဆေးကိုပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားနှင့်(HPV) ကာကွယ်ဆေး များကို မိန်းကလေးငယ်များအား စတင်ထိုးနှံပေးခဲ့သည်။  
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာသန့်လွင်က (HPV)ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းခြင်းလုပ်ငန်းတွင် အသက် (၉)နှစ်မှ(၁၀)နှစ်အရွယ် မိန်းကလေးငယ်များအား ကျေးလက်ကျန်းမာရေးဝန်ထမ်းများက မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် (HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးများကို ယနေ့မှ စတင်၍ ထိုးနှံပေးသွားမှာဖြစ်ပြီး မြို့နယ်အတွင်း (HPV)ကာကွယ်ဆေးထိုးနှံရမည့် မိန်ကလေးငယ် လူဦးရေပေါင်း (၃၀၆၈) ဦးရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက်(HPV)ကာကွယ်ဆေး လာရောက်ထိုးနှံသည့် မိန်းကလေးငယ်(၁၅)ဦးအား ကျန်းမာရေး ဆရာမများက (HPV)ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးမှတ်တမ်း စာအုပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)