ဒိုက်ဦး အောက်တိုဘာ ၂၁
ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်တွင် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်းကို ယနေ့ နံနက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၆) မင်းတဲ ရပ်ကွက်၊ ဓမ္မာရုံ၌ ပြုလုပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် တာဝန်ကျကျန်းမာရေး၊ ဆရာမများ က ဆေးထိုးရန် လာရောက်ကြသောအမျိုးသမီးငယ်လေးများအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်တွင် HPV ကာကွယ်ဆေးစတင်ထည့်သွင်းခြင်းနှင့် ပတ်သက် ၍ HPV ကာကွယ်ဆေး အကြောင်း ကာကွယ်နိုင်သည့် ရောဂါအကြောင်း၊ ရောဂါကူးစက်ပုံ၊ ရောဂါလက္ခဏာများနှင့် ဖြစ်တတ် သော ရောဂါများ၊ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားပါက ပြတတ်သောလက္ခဏာ၊ ကင်ဆာဖြစ်ပွားပါက ရှိတတ်သော နောက်ဆက်တွဲပြဿနာ၊ HPV ကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင် သောအချိန်၊ ကင်ဆာဖြစ်ပွားလာနိုင်ခြေ ပိုများလာစေသည့် အကြောင်းအရင်း၊ ပိုးမကူးစက်ခံရအောင် ကာကွယ်နည်းများ၊ ကာကွယ်ဆေးထိုးနှံရမည့် အသက်အရွယ်နှင့်အကြိမ်၊ ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးနှင့် ဆေးမထိုးပေးသင့်သူများအကြောင်းကို ရှင်းလင်းပြောကြားသည်။
အဆိုပါကာကွယ်ဆေးကို ဒိုက်ဦးမြို့နယ်အတွင်း အသက်(၉)နှစ်နှင့် ၁၀ နှစ်အရွယ် မိန်းကလေး ၂၈၀၆ ဦး အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်