ရေဖြူ အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသွားအလာစောင့်ကြည့်ရေးစခန်းအတွက် အောင်တိုဘာ ၂၀ ရက်နေ့က အလှူရှင်များက အလှူငွေ၊ စားသောက်ဖွယ်နှင့် သောက်ရေသန့်များ၊ Maskများလာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် ဦးမျိုးသက်နှင့် ဒေါ်မဖြူ ငါးပုစွန် ရောင်းဝယ်ရေးမိသားစုက အလှူငွေ (၁)သိန်းကျပ်၊Tin Tungest Co Ltdက အလှူငွေ(၆၄၅၀၀၀)ကျပ်၊ မိကျောင်းအိုင်ရွာ ဦးစစ်ကျော်နှင့်ဒေါ်ရွှေဇင် (မေယုစတိုး) က အလှူငွေ(၁)သိန်းကျပ်နှင့် ရေသန့်ဗူး အချိုရည်ဗူးများ၊ ဦးမြင့်စိုးနှင့် ဒေါ်မြင့်မြင့်စန်းမိသားစုမှ အုန်းနို့ခေါက်ဆွဲ၊ ကိုမျိုးသိန်းနှင့် မစန္ဒာဖြိုးဝင်းမိသားစုက အလှူငွေ (၂)သိန်းကျပ်၊ကျောက်ဖြူတောင်ကျောင်း ဆရာတော်နှင့် အလှူရှင်များက ထမင်းထုပ် (၁၀၀)နှင့်ရေသန့် (၁၀၀)ဗူး Mask(၂၀၀)ခု တို့လှူဒါန်းခဲ့ရာ ကံပေါက်ရွာ ကိုဗစ်-၁၉တားဆီးကာကွယ်ရေး လူထုအခြေပြုကော်မတီက တာဝန်ရှိသူများလက်ခံရယူခဲ့ ကြောင်း သိရသည်။
ရေဖြူမြို့နယ် ကံပေါက်ရွာ အသွားအလာစောင့်ကြည့်ရေးစင်တာကို စာရာသိင်္ခီဘုန်းတော်ကြီး ကျောင်းဓမ္မာရုံနှင့် ဦးလှအောင်ခြံရှိအဆောက်အအုံနှစ်ခုတွင် ဖွင့်လှစ်ထားရှိရာ ကံပေါက်ရှိ ရဲတံခွန်၊ ရတနာ ၊ဇောတိက သဘာဝ ဓာတ်ငွေ့ကုမ္ပဏီများက အများဆုံး ကူညီထောက်ပံ့ပေးလျက်ရှိပြီး လက်ရှိ နိုင်ငံခြားပြန် (၅၀)ဦးနှင့် ပြည်တွင်းမှပ ြန်ရောက်လာသူ(၃)ဦးကို ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပြီး စေတနာရှင် အလှူရှင်များကနေ့စဉ် အလှူငွေ၊ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့်စာသောက်စရာများကို လာရောက် လှူဒါန်းလျက်ရှိကြောင်း ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးခင်စိုးထံမှ သိရသည်။
ဖြူဖြူရှိန် (ရေဖြူပြန်/ဆက်)