ဒိုက်ဦး အောက်တိုဘာ ၂၁
နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်း၊ ဒိုက်ဦး မြို့နယ်မှ မဲဆန္ဒရှင်များ မဲထည့်ရန်အတွက် ဆန္ဒမဲလက်မှတ်များကို ရွက်ရေမှန်ကန်မှု ရှိ/မရှိ၊ ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ (၃)ရပ်လုံးအရေအတွက် မှန်ကန်မှု ရှိ/မရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နံနက် ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စစ်ဆေးသည်။
ရွေးကောက်ပွဲတွင် ဒိုက်ဦးမြို့နယ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီ စုစုပေါင်း (၄)ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အဆိုပါရွေးကောက်ပွဲ ကျင်းပရန်အတွက် ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၅၃)အုပ်စု၌ မဲရုံအရေအတွက်(၁၇၂)ရုံ ထားရှိပြီး တစ်မြို့နယ်လုံး၌ ဆန္ဒမဲပေးခွင့်ရှိသူ လူဦးရေ (၁၆၀၁၃၁) ဦးရှိ ကြောင်း သိရသည်။
ကျော်ကျော်(IPRD)