ဆိပ်ဖြူ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ၌ တာဝန်ထမ်း ဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲများအား မဲရုံအတွင်းမဲပေးပုံ အဆင့်ဆင့် လက်တွေသရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ (၃) နာရီခွဲက ကိုးတောင့် အထက် တန်းကျောင်းတွင် ပြုလုပ်သည်။
အဆိုပါ သရုပ်ပြအခမ်းအနားကို ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းစိန်၊ အတွင်းရေးမှူး ဦးဇော်သူ နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်အောင်နှင့် အဖွဲ့ဝင်များ၊ ၂၀၂ဝပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေရွေး ကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့အဖြစ် တာဝန်ယူ ဆောင်ရွက်မည့် ဆရာ/ဆရာမများနှင့် ရပ်ကွက်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရွက်မည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့များကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံသင်တန်းသားများအား စာတွေ့၊ လက်တွေ့ သင်တန်းပေးနေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်တွေ့ မဲရုံလုပ်ငန်းဆိုင်ရာများ လက်တွေ့ဆောင်ရွက်နေခြင်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းလမ်းညွှန် မှာကြားပေးခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင် (IPRD)