ကော့မှူး အောက်တိုဘာ ၂၁
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Stay At Home သတ်မှတ်ထားစဉ်ကာလ အတွင်း သီလရှင် ဆရာလေးများ ဆွမ်းကိစ္စ အဆင်ပြေ စေရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း၍ ယနေ့ မွန်းလွဲပိုင်းက မြို့မရပ်ကွက်ရှိ ပညာသိင်္ဂီသီလရှင် စာသင်တိုက်သို့ ဆွမ်းဆန်စိမ်းနှင့် စားသောက်ကုန်များ ဆပ်ကပ် လှုဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ လှူဒါန်းရာတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်နှင့် ဝန်ထမ်းများက ပညာသိင်္ဂီသီလရှင် စာသင်တိုက်အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ အားလူး၊ ကြက်သွန်၊ ဟင်းခတ်မှုန့်၊ ငါးသေတ္တာ၊ ပဲဆန်၊ ဆပ်ပြာမှုန့်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော ပြက္ခဒိန်များစုစု ပေါင်းတန်ဘိုး (၆၆၆၅၀)တို့အား သီလရှင်ဆရာကြီးများထံ ဆပ်ကပ်လှူဒါန်းပေးခဲ့ရာ လှူဒါန်းမှု အစုစုအတွက် သီလရှင်ဆရာကြီးများက သာဓုအနုမောဒနာ တရာများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး