တန့်ယန်းမြို့နယ်တွင် ပါရမီရှင်ပရဟိတအသင်းမှ နံနက်စာနှင့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

တန့်ယန်း  အောက်တိုဘာ  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပါရမီရှင်ပရဟိတအသင်း က ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးအတွက် အသွားအလာကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်းနှင့် အထွေထွေရွေးကောက်ပွဲ တွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေကြသော ပညာရေးဝန်ထမ်း ဆရာ/မများအတွက် စားရေးသောက်ရေး အဆင်ပြေစေရန် နံနက်စာနှင့် စားသောက်ဖွယ်ရာများကို ယနေ့ နံနက်ပိုင်း က ပေးအပ်လှူဒါန်းခဲ့သည်။

ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးဆရာတော် ဘဒ္ဒန္တကုသလနှင့် ဆရာတော်ကြီးများ ဦးဆောင်သည့် ပါရမီရှင် ပရဟိတအသင်းက အမှတ်(၃)ရပ်ကွက်ရှိ နတလကျောင်း၌ ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်းနှင့် အခြေခံပညာ အလယ်တန်းကျောင်းတွင် တည်းခိုနေကြသော  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် တာဝန် ထမ်းဆောင်ရန် ရောက်ရှိနေကြသော ပညာရေးဝန်ထမ်း ဆရာ/မ (၁၂၇)ဦးတို့အတွက် နံနက်စာနှင့် စားသောက်ဖွယ်ရာများကို ပါရမီရှင် ပရဟိတအသင်းမှ ဦးစိုင်းရွှေလှနှင့် တာဝန်ရှိသူတို့က  ပေးအပ်လှူဒါန်းရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝေမိုးဦးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရ သည်။                   

မင်းလွင်ဦး(ပြန်/ဆက်)