မအူပင်မြို့တွင် ကမ္ဘောဇဘဏ်မိသားစုမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မအူပင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ အလှူငွေနှင့် အထောက်အကူပြုပစ္စည်းများ လှူဒါန်း

မအူပင် အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကမ္ဘောဇဘဏ် မိသားစုမှ မအူပင်မြို့အထွေထွေရောဂါကု ဆေးရုံကြီးသို့ အလှူငွေနှင့် အထောက်အကူပြု ပစ္စည်းများလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီက မအူပင်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့သည်။

မအူပင်မြို့ ကမ္ဘောဇဘဏ်မိသားစုမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကြိုတင် ကာကွယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် အလှူငွေကျပ်သိန်း(၁၀၀)နှင့် ဆေးရုံသုံး Maskဗူး(​၅၀၀၀)၊ ခေါင်းစွပ်(၁၀၀၀)၊ လက်အိပ်(၃၀၀၀) PPE ဝတ်စုံ(၅၀)၊ မျက်မှန်(၃၀)ခု စုစုပေါင်း ကာကွယ်ရေး ပစ္စည်းပေါင်း ()မျိုးအား သွားရောက်လှူဒါန်းခဲ့ရာ မအူပင်မြို့နယ် အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဇင်နှင့် တာဝန့ရှိသူများက လက်ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)