မအူပင်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းတွင် မဲထည့်နည်း သရုပ်ပြ

မအူပင် အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းတွင် မဲထည့်နည်း သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ နာရီက အမှတ်(..က ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌဒေါ်ခင်သန်းမြင့်က အမှာစကား ပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိန်စိန်စိုးနှင့် တာဝန်ရှိသူများက မဲရုံမှူးများ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ အ‌ကြောင်းနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပုံ အဆင့်ဆင့်ကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်မအူပင်မြို့ အမှတ်(​) ..က ကျောင်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းတက်ရောက် နေသည့် သင်တန်းသားများကို မဲပေးပုံ၊ မဲရေတွက်ပုံ အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ပြုလုပ်ခဲ့သည်။

အဆိုပါ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို အောက်တိုဘာ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ ရက်တာ သင်တန်း တက်ရောက်ရမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာ အုပ်စု(၈၈)အုပ်စုမှ သင်တန်းသား (၁၁၈)ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)