တုံတာမြို့၌ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းစံကွက်များ ရိတ်သိမ်းခြင်းလက်တွေ့သရုပ်ပြ

တုံတာ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စံကွက်များ ရိတ်သိမ်းခြင်း လက်တွေ့သရုပ်ပြသခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေးခြင်းကို တာဝန်ရှိသူများက တုံတာမြို့ ရပ်ကွက်-၄ ရှိ တောင်သူ ဒေါ်နန်းကောင်ရှန်၏ ရွှေရင်အေး RS-CS မျိုးစေ့ထုတ် စံပြစိုက်ခင်း ၃ဧကတွင် ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို တုံတာမြို့ စိုက်ပျိုး‌ရေးဦးစီးဌာနမှူး ဦးဇော်ဝင်းမြင့်သန်း က ဦးဆောင်၍ အကျိုးဆောင်တောင်သူများနှင့်အတူ  ကောင်း၊ သင့်၊ ညံ့ စံကွက် ၃ ကွက် ရိတ်သိမ်းရာ မိုးစပါးအစိုအထွက် တစ်ဧကလျှင် (၁၀၀.၅၀) တင်း ထွက်ရှိပြီးယခုအခါ မိုးစပါးများ ရိတ်သိမ်းတော့မည် ဖြစ်သောကြောင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ အလေအလွင့်မရှိ စနစ်တကျ ရိတ်သိမ်းနိုင်ရေး၊ မျိုးရောမှု မရှိစေရေးနှင့် ရရှိလာသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို စနစ်တကျ သိုလှောင်ထိန်းသိမ်းထားရှိ၍  လိုအပ်သော တောင်သူများအား ဆက်လက်ဖြန့်ဖြူးပေးနိုင်ရေး အသိပညာပေးဆွေးနွေးပေးခဲ့ကြောင်း တုံတာမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)