ပိုင်ကျုံမြို့ နို့ဖိုးခီးကျေးရွာနှင့် ကွီးသောခယ်ကျေးရွာများရှိ ရွာတွင်းလမ်း လုပ်ငန်းဆောင်ရွက် နိုင်ရန်အတွက် အစည်းအဝေးပြုလုပ်

ပိုင်ကျုံ အောက်တိုဘာ  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ နို့ဖိုးခီးကျေးရွာနှင့် ကွီးသောခယ်ကျေးရွာများတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် လမ်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နို့ဖိုးခီးကျေးရွာ၌ ယမန်နေ့က နည်းပညာအစည်းအဝေး ပြုလုပ် ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စု နို့ဖိုးခီးကျေးရွာနှင့်ကွီးသော ခယ်ကျေးရွာ ရွာတွင်းလမ်းကို (အရှည် ၆၄၀၀ပေ x အကျယ်၁၈ပေ x ထု ၁ ပေ) ခင်းကျင်းဆောင်ရွက် သွားမည်ဖြစ်ပြီး အဆိုပါ ကျေးရွာလမ်းခင်းခြင်း လုပ်ငန်းများအကောင်အထည်ဖော်ရာ ဆောင်ရွက်ရာတွင် ဆောင်ရွက် မည့်လုပ်ငန်း၏ ဒီဇိုင်းအားနား  လည်ပြီးစနစ်တကျ ဆောင်ရွက်တတ်စေရန်၊ စီမံကိန်းလုပ်ငန်း အား ကြီးကြပ်တတ်စေရန်၊ ဝယ်ယူရေးအစီအစဉ် လည်ပတ်ထိန်းသိမ်းရေး အစီအစဉ် ရသုံး မှန်းခြေဇယားများ ရေးဆွဲအသုံးပြုတတ်စေရန်နှင့် လူမှုဝန်းကျင် သဘာဝပတ်ဝန်းကျင် အကာ အကွယ်များအား လိုက်နာဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နည်းပညာအစည်းအဝေးသို့ နို့ဖိုးခီးကျေးရွာနှင့် ကွီးသောခယ်ကျေးရွာမှ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး လှိုင်းဘွဲ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်နည်းပညာမှူးနှင့် လူထု စည်းရုံးရေးမှူးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)