သိန္နီမြို့ဝင်၌ ကျန်းမာရေးစစ်ဆေးရေး ဂိတ်နေ့စဉ် ဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

သိန္နီ     အောက်တိုဘာ      ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် နေ့စဉ်နံနက်()နာရီမှ ည()နာရီ အချိန်အထိ မြို့အ၀င်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ခရီးသွားများနှင့် ယာဉ်မောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဖွင့်လှစ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦး၏ ဦးဆောင်မှုဖြင့် သိန္နီမြို့နယ်ရှိ ဌာန ဆိုင်ရာ ၀န်ထမ်းများ၊ မီးသတ်၊ ကြက်ခြေနီတို့ ပူးပေါင်းပြီး ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန် ထားသော (Standard Operating Procedure SOP) နှင့် အညီ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။ သိန္နီ-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသော ယာဉ်မောင်းများနှင့် ခရီးသွား ပြည်သူများအား မိမိတို့သက်ဆိုင်ရာ မြို့နယ်များမှ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာ ပါ/မပါနှင့်  ကိုယ်အပူချိန် တိုင်းတာခြင်းများကို ကျန်းမာရေးဌာနမှ ၀န်ထမ်းများ က တိုင်းတာ ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဖိုးချို (ပြန်/ဆက်)