ကလိ အောက်တိုဘာ ၂၂
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ကိုယ်တိုင်ရွေးချယ် တင်မြှောက်ကြမည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီအား မဲပေးရာတွင် ပယ်မဲ မဖြစ်စေရေး နှင့် ခိုင်လုံမဲဖြစ်စေရေးအတွက် ပယ်မဲနှင့်ခိုင်လုံမဲအကြောင်း သိကောင်းစရာ အသိပညာပေး အစီအစဉ်အား အွန်လိုင်းစနစ်ဖြင့် ယမန်နေ့က တင်ဆက်ပေးခဲ့သည်။
ထိုသို့ အသိပညာပေးတင်ဆက်ရာတွင် စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စုကလိမြို့ရုံးမှ မြို့ဦးစီးမှူး ဦးဇော်နိုင်လင်းက ပြည်သူများမဲပေးရာတွင် ခိုင်လုံမဲ ဖြစ်စေရန် ဆောင်ရွက်ရမည့် အချက်အလက်များနှင့် မဲပေးပုံအဆင့်ဆင့်မှားယွင်းခဲ့ပါက မိမိတို့ ဆန္ဒပြု ထားသောမဲသည် ပယ်မဲအဖြစ် သတ်မှတ်ခံရနိုင်ကြောင်း ဆန္ဒမဲဆုံးရှုံးမှု မဖြစ်စေရန် တို့ကို ဆွေးနွေးရှင်းလင်းခဲ့ပြီး ယင်းအစီအစဉ်ကို စုကလိမြို့ ပြည်သူ့စာကြည့်တိုက် page တွင် အွန်လိုင်းစနစ်ဖြင့် တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
ပိုပိုအောင်