ဘိုကလေးမြို့နယ် ကုတင်(၁၀၀)ဆေးရုံသို့ အဖြူရောင်နှလုံးသားများအဖွဲ့မှ PPE ဝတ်စုံများလှူဒါန်း

ဘိုကလေး အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ အဖြူရောင် နှလုံးသားများ လူမှုအကျိုးပြုအဖွဲ့မှ ယနေ့မွန်းလွဲ နာရီအချိန်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် PPEဝတ်စုံ (၄၀)စုံအား ပေးအပ်လှူဒါန်းခဲ့သည်။

လှူဒါန်းသည့် ဝတ်စုံများအား ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစုစုလှိုင်မှ လက်ခံရယူခဲ့ပြီး အလှူရှင် အဖွဲ့အား မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ အဖြူရောင် နှလုံးသားများ အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဘိုကလေးမြို့နယ်အတွင်းမှ စားဝတ်နေရေး အမှန်တကယ် ခက်ခဲလျက်ရှိသည့် ပြည်သူများထံအရောက်သွား၍ ဆန်၊ ထမင်း၊ ဟင်း အပါအဝင် စားနပ်ရိက္ခာများအား တစ်ဖက်တစ်လမ်းမှ တတ်နိုင်သရွေ့ ချက်ပြုတ်လှူဒါန်း ဒါနပြုနေကြောင်းလည်း သိရသည်။

မိုးစက်(ဘိုကလေး)