မြဝတီမြို့၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများအား အခုဝယ်အခုတပ်စနစ်ဖြင့်ဆောင်ရွက်
ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြဝတီမြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ် ၁ ရပ်ကွက်ရှိ မိုးကုတ်ဈေးသို့ လာရောက်သည့် ဈေးဝယ်သူများအနက် နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိသောသူများကို နှာခေါင်းစည်းတစ်ခုကို နှစ်ရာကျပ်နှုန်းဖြင့် အခုဝယ်အခုတပ်စနစ်ဖြင့် အရေးယူ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။