နမ့်ဆန် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ဒေသဦးစီးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူရသိန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် ဌာနဆိုင်ရာ အကြီးအကဲ များ ပါဝင်သည့်အဖွဲ့တို့က ယမန်နေ့ မွန်းလွဲ(၁)နာရီခန့်က စုပေါင်းဝန်ထမ်းအိမ်ယာ တည်ဆောက်မည့် မြေနေရာကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးသည့်နေရာတွင် နမ္မဝေါရပ်ကွက်နှင့် (၂)ဖာလုံခန့်အကွာ ယခုတည်ဆောက်ဆဲ နမ့်ဆန်မြို့နယ်၏ အားကစားကွင်းအနီးတွင်တည်ရှိသော မြေကွက်လပ်ကို မြေနေရာအကျယ်အဝန်းစစ်ဆေးခြင်းနှင့် စုပေါင်းဝန်ထမ်းအိမ်ယာ ဆောင်ရွက်မည်ဆိုပါက လိုအပ်မည့် မြေနေရာပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားနိုင်ရန် ကြည့်ရှုစစ်ဆေး တိုင်းတာခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)