သာယာဝတီ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသော “သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက သာယာအေး ကျေးရွာ၊ ဖားရွှေကျော်ကျေးရွာတို့တွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် ဘေးကင်းလုံခြုံစွာနေပါ၊ သင်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ အွန်လိုင်းကနေ မဲစာရင်းစစ်ဆေးပါ၊ သွားရောက်ဆန္ဒမဲ ပေးပါ၊ ဖြည့်စွက်ရန် လိုအပ်မယ့်ပုံစံတွေ စသည့် အသိပညာပေး အကြောင်း အရာများပါ “သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/ မပါ စစ်ဆေးပြီးပြီလား” အသိပညာပေး လက်ကမ်းစာစောင်များအား အများပြည်သူ အသိပညာ ရရှိရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)