ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ဈေးရောင်းသူများမှ အိမ်တိုင်ရာရောက် လာရောက် ရောင်းချ

ဒဂုံ အောက်တိုဘာ ၂၃


ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားနေစဉ်  ကာလအတွင်း  ရောဂါ ပျံ့နှံ့မှုမရှိစေရန်နှင့်  ကြိုတင်  ကာကွယ်ထိန်းချုပ်ခြင်းအနေဖြင့် လူစုလူဝေးများ မဖြစ်စေရန်အတွက်  ကုမ္ပဏီဈေးကားများ၊   ဟင်းသီး ဟင်းရွက် ဈေးသည်များမှ နေ့စဉ်ဒဂုံမြို့နယ်အတွင်း ရပ်ကွက်အလိုက် အိမ်တိုင်ရာ  ရောက် လိုက်လံရောင်းချပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ ရောင်းချခြင်းအားဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော  ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးဖြစ်ပေါ်မှုမရှိဘဲ ဈေးဝယ်သူများအနေဖြင့်မိမိနေအိမ်၌ စောင့်ဆိုင်း ဝယ်ယူခြင်းဖြင့်ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ကြောင်း သိရသည်။
ဈေးရောင်း သူများမှလည်း  ကုန်ပစ္စည်းများအပေါ်တွင် ဝယ်ယူသူအဆင်ပြေစေရန် ဈေးတင် ရောင်းချခြင်းမျိုးမရှိဘဲ ပုံမှန်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 
ဇာဖြူဝင်း(ပြန်/ဆက်)