ကျောက်ကြီး အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများအတွက် ယာယီ ဆေးရုံဖွင့်လှစ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ယာယီဆေးရုံကို ကျောက်ကြီးမြို့ပေါ်ရှိ သိမ်တန်းရပ်ကွက် ကသစ်ဝိုင်ဓမ္မရိပ်သာ နှစ်ထပ်ဆောင်၌ ဖွင့်လှစ်ခဲ့ရာ အောက်တိုဘာ(၂၃)ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအား ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမည်ဖြစ်သည်။
ယခုယာယီဆေးရုံဖွင့်လှစ်သည့် ဓမ္မရိပ်သာသည် လက်ရှိတွင် (Facility Quarantine) အဖြစ်ထားရှိသဖြင့် Facility Quarantine ၌အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသော ရန်ကုန် တိုင်းဒေသကြီးမှ ပြန်လည်ရောက်ရှိလာသူ (၂၄)ဦးအား မေတ္တာရပ်ကွက် မူလတန်း လွန်ကျောင်းသို့လည်းကောင်း၊ ပြည်ပနိုင်ငံမှပြန်လည်ရောက်ရှိလာသူ (၂)ဦးအား ပဲခူးရပ်ကွက် မိုးကုတ်ဓမ္မရိပ်သာဓမ္မာရုံသို့လည်းကောင်းပြောင်းရွေ့ကာယာယီ Facility Quarantine အဖြစ်ထားရှိမှာဖြစ်ကြောင်း မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ကြောင်းသိရသည်။
K ခိုင်ပြန်/ဆက်