မိုင်းဖြတ်၌ ယာယီမဲရုံများ တည်ဆောက်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဖြတ်    အောက်တိုဘာ   ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် မြို့နယ်အတွင်း ကျေးရွာအုပ်စုအချို့၌ ယာယီမဲရုံများ တည်ဆောက်သွား မည်ဖြစ်ရာ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မဲရုံတည်ဆောက် မည့် ကျေးရွာများသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များက  နမ့်လန်းအုပ်စုမဲရုံ၊ နမ့်ကုန်းအုပ်စု မဲရုံများ တည်ဆောက် နိုင်ရေးအတွက် ယာယီမဲရုံ တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ရပ်ကျေးကော်မရှင် အဖွဲ့ခွဲများနှင့်အတူ မြေနေရာကိုသက်မှတ်ခဲ့ပြီး မဲရုံတည်ဆောက်ရေးအတွက် လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့သည်။ ယင်းနောက် အ.လ.က (ပါဆန်း)နှင့် အ.ထ.က (မိုင်းဖြတ်) ကျောင်းတို့ကို မဲရုံအဖြစ်ဆောင်ရွက်မည့် အခြအနေများကို တာဝန်ကျ မဲရုံးမှူးများနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းဖြတ်မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မြို့နယ် အတွင်းရပ်ကွက် ၃ ရပ်ကွက်နှင့် အုပ်စု ၂၁ အုပ်စုတို့တွင် မဲရုံပေါင်း ၃၉ ရုံ ဆောင်ရွက်ထားရှိပြီး နမ့်လန်း အုပ်စု၊ နမ့်ကုန်းအုပ်စု၊ ဝမ်လုံးအုပ်စု၊ နမ့်ဟက်ပုံအုပ်စုတို့ရှိ မဲရုံများသည်    သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စီစဉ်ကြီးကြပ်မှုဖြင့် ယာယီမဲရုံများ တည်ဆောက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် မဲရုံးများသည် စာသင်ကျောင်း များ၊ ကျေးရွာခန်းမဆောင်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)