ကျောက်တံခါး အောက်တိုဘာ ၂၃
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (mask)များအား ယမန်နေ့က ကွင်းနောက်ရပ်ကွက်အတွင်းရှိ ပြည်သူများအား နှာခေါင်းစည်းများ လက်ဝယ်အရောက်အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဖြန့်ဝေရာတွင် ကျောက်တံခါးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး အတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် နေအိမ်အပြင် ထွက်ပါက မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန်အသိပညာပေးပြောကြားပြီး Surgical Mask (၃၅၀)ခု အားအခမဲ့ဖြန့်ဝေခဲ့ကြသည်။
စန်းစန်း(ပြန်/ဆက်)