ဟင်္သာတမြို့နယ်၌ CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် ဆောင်ရွက်သော (CS-RS)ဆင်းသုခ မျိုးစေ့ထုတ် စိုက်ခင်းများ စတင်ရိတ်သိမ်းခြင်းများဆောင်ရွက်

ဟင်္သာတ  အောက်တိုဘာ  ၂၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် မြို့ကွင်း‌ကျေးရွာအုပ်စု၊ စံပြစက်မှုလယ်ယာ ဧက(၁၀၀)တွင် စိုက်ပျိုးသည့်(CS-RS)ဆင်းသုခ မျိုးစေ့ထုတ်စံကွက် စိုက်ခင်းများ စတင်ရိတ်သိမ်းခြင်းကို  ယမန်နေ့နံနက်ပိုင်းက တောင်သူ(၂)ဦး ပိုင်ဆိုင်သည့် စံပြကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စတင်ရိတ်သိမ်းရာတွင်  ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများ၊ ကွင်းတာဝန်ခံများက ပူးပေါင်းဆောင်ရွက်ပြီး စပါးနေလှမ်း အခြောက်ခံခြင်း၊ အစိုဓာတ်ပါဝင်မှု တိုင်းတာခြင်း၊ ဆန်နီပါဝင်မှုတိုင်းတာခြင်းတို့ကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ (CS-RS)ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းများ ရိတ်သိမ်းခဲ့ရာတွင် တောင်သူဦးတင်မိုး၏ စံပြကွက်စိုက်ကွက်တွင် တစ်ဧကပျမ်းမျှ အစိုအထွက် (၈၂.၀၂)တင်းနှင့် အခြောက်အထွက် (၇၆.၀၂)တင်းနှင့် တောင်သူ ဦး‌ကျော်စွာ၏ စံပြစိုက်ကွက်တွင် ပျမ်းမျှအစိုထွက် (၉၃.၆)တင်းနှင့် ပျမ်းမျှအခြောက်ထွက်(၈၇.၃) ခန့် ထွက်ရှိကြောင်း ဟင်္သာတမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကျော်ကျော်(ပြန်/ဆက်)