ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူအများ လိုက်နာရန် အသိပညာပေး လှည့်လည်နှိုးဆော်

 ခရမ်း  အောက်တိုဘာ ၂၃


 ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်း ပိုမိုသိရှိလိုက်နာစေရေး လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့က ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက  မြို့ပေါ်ရပ်ကွက်(၁၃ ) ရပ်ကွက်အတွင်းသို့ လိုက်လံအသိပညာပေးနှိုး ဆော်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်အတွင်းရှိ အများပြည်သူတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမခံရစေရေး ရည်ရွယ်လျက် ကိုဗစ်-၁၉ အန္တရာယ်အား ကူးစက်ခံရခြင်းမရှိစေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အတွင်း မှီ တင်းနေထိုင်လျက်ရှိသည့် ပြည်သူများအား “မဖြစ်မနေပြင်ပသို့ သွားလာလျှင် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ပြီးမှထွက်ရန်၊ သုံးစွဲပြီး Mask များကို စနစ်တကျစွန့်ပစ်ရန်၊ လက်မကြာခဏ ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ တစ်ဦးနှင့် တစ်ဦးပြောဆိုဆက်ဆံလျှင် ခပ်ခွာခွာ နေရန်၊ နေရပ်ပြန်ပြည်သူများဝင်ရောက်လာမှုရှိခဲ့လျှင် ကျန်းမာရေးဌာနသို့ အသိပေး အကြောင်းကြားစေရန်၊  မြို့နယ်အတွင်းရောင်းချနေသည့် ဈေးဆိုင်များအား နေ့လယ်(၁၂) နာရီအထိသာ ဖွင့်လှစ်ရောင်းချကြပါရန်  ခရမ်းမြို့၊လူစည်ကားရာနေရာများနှင့်မြို့ ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နေ ပြည်သူတို့ ပိုမိုသိရှိလိုက် နာစေ ရေးလိုက်လံအသိပညာပေးနှိုး ဆော်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း )