လဟယ် အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်များတွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ ဖြိုးရေး တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းက အဖွင့်အမှာစကား ပြောကြားကာ ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (လဟယ်)မှ ဒုတိယညွန်ကြားရေးမှူး ဦးရဲမင်းက တင်ဒါစည်းကမ်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး တင်ဒါများ ဖွင့်ဖောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
နာဂဒေသအတွင်းရှိ (လေရှီး ၊လဟယ်၊နန်းယွန်)(၃) မြို့နယ်တွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ ဖြိုးရေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် မည့် လုပ်ငန်းများ တင်ဒါခေါ်ယူရာတွင် lot (၂၂)ခုဖြစ်ပြီး လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် lot(၇) ခုအတွက် ခွင့်ပြုငွေကျပ် (၁၁၀၂ ဒသမ ၆၉၉) သန်း၊ လေရှီးမြို့နယ်တွင် lot (၁၀) ခုအတွက် ခွင်ပြုငွေကျပ် (၁၇၀၂ ဒသမ ၁၁၇) သန်း၊ နန်းယွန်းမြို့နယ်တွင် lot(၅) ခုအတွက် ခွင့်ပြုငွေကျပ် (၁၁၄၉ ဒသမ ၈၈၁) သန်း ဖြစ်ပြီး နာဂဒေသအတွင်း (၂၀၂၀ - ၂၀၂၁ ) ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ ဖြိုးရေး တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် (၃၉၅၄ ဒသမ ၆၉၇) သန်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများတွင် မြေသားလမ်းဖောက်လုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ချောလမ်း ခင်းခြင်း၊ ကတ္တရာထပ်ပိုးလွာခင်းခြင်း၊ Box culverts တည်ဆောက်ခြင်း၊ pip culverts တည်ဆောက်ခြင်းနှင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများ၊ ပညာရေး အဆောက်အအုံများ စသော လုပ်ငန်းများပါ၀င်ပြီး ဒေသခံလုပ်ငန်းရှင် ကုမ္ပဏီများက တင်ဒါ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လဟယ်) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲမင်းထံမှ သိရှိရသည်။
ရှားဆက်(ပြန်/ဆက်)