မြောက်ဥက္ကလာပမြို့နယ် ထာဝရအလင်းတန်း လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း

မြောက်ဥက္ကလာပ အောက်တိုဘာ ၂၃

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများ ပို့ဆောင်ခြင်းနှင့် အခြားပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နေသည့်  ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ထာဝရအလင်းတန်း လူမှုကူညီ ကယ်ဆယ်ရေးပရဟိတ အသင်းသို့ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း သုံး ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အသင်းအနေဖြင့် မြိုနယ်အတွင်းရှိ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများ အပြင် နီးစပ်ရာမြို့နယ်များမှ လူနာများအား လူနာတင်ယာဉ် (၃)စီးဖြင့် ကုသဆေးရုံများ၊ Quarantine Centre များသို့ ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက  မင်္ဂလာဒုံမြိုနယ်ရှိ Asia Optial (မှန်ဘီလူးစက်ရုံ)မှ ထိစပ်လူနာ (၂၆)ဦးအား အ.ထ.က(၆) မင်္ဂလာဒုံမြို့နယ် Quarantine Centreသို့ ပို့ဆောင်ပေးမှုကို ကျေးဇူးတင်သည့်အနေဖြင့်  Asia Optial (မှန်ဘီလူး) စက်ရုံဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ထာဝရအလင်းတန်း လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းသို့ အလှူငွေကျပ် (၄)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရွှေပေါက်ကံမြို့သစ်ရပ်ကွက်မှ ဦးနိုင်ဝင်း၊ ဒေါ်ချိုချိုဝင်းမိသားစုက အလှူငွေကျပ် (၂)သိန်း၊ ဦးတင်ဇော်မင်း၊ ဒေါ်နန်းကြူကြူသိန်း မိသားစုက PPE ဝတ်စုံ (၂၀)စုံ၊ ချွန်တွန်း ပရဟိတအသင်းမှ  Surgical Gown များနှင့် PPE ဝတ်စုံ (၁၀)စုံတို့ကို လာရောက်လှူဒါန်းရာ ထာဝရအလင်းတန်း လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်း တာဝန်ရှိသူများက လက်ခံရယူခဲ့ရာ အသင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ပြည်သူများ အနေဖြင့်  အရေးပေါ် လူနာတင်ယာဉ်လိုအပ်ခဲ့ပါက ၀၉-၄၂၆၆၂၂၅၃၄၊ ၀၉-၄၅၆၈၅၅၁၉၁၊ ၀၉-၄၀၁၀၂၅၅၉၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)