ခန္တီး အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် ပြည်သူ့ဆေးရုံအတွက် တန်ခွန်ကျော်နှင့် တန်ဂိုများ စုပေါင်းအလှူဖြင့် ငွေကျပ် ၄၂၀၀၀၀ တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ခန္တီးပြည်သူ့ ဆေးရုံ သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
တန်ခွန်ကျော်နှင့် တန်ဂိုများ စုပေါင်းအလှူဖြင့် လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများမှာ ဓါတ်ခွဲခန်းသုံး Gowns ၁၀ ထည်၊ Cap ၅၀၀ ခု၊ Mask ၂၅၀၀ ခု၊ Apron ၅၀၀ ခု၊ (Eglove) လက်အိတ် ၂၅၀ စုံ၊ Handgle ၂၀ ပုလင်း၊ လက်သန့်ဆပ်ပြာရည် ၂၀ ပုလင်း၊ Faceshield ၃၀ ခု ဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေကျပ် ၄၂၀၀၀၀ တန်ဖိုးရှိကြောင်း မြို့နယ်ကျန်းမာရေးမှူး ဒေါ်ဆွီးနွာမ်ထံမှ သိရသည်။
ခန္တီးပြည်သူ့ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများလှူဒါန်းခဲ့သည့် တန်ခွန်ကျော်နှင့် အလှူရှင်များကို ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ နန်းမြတ်မြတ်မွှေးနှင့် မြို့နယ်ကျန်းမာရေးမှူး တို့က ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)