ငွေဆောင် အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စီးပွားဖြစ်မျိုးသန့် မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရွာတွင် ပုသိမ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းစိုးနှင့် ပုသိမ်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနေဝင်းတို့မှ ဦးဆောင်ကာ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ ပူးပေါင်း၍ တောင်သူဦးမျိုးမြင့်အောင်၏ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း ရိတ်သိမ်းမည့်လယ်ကွက်တွင် စံနှုန်းများ တိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ ထားသော စပါးများ၏ အထွက်နှုန်းတိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမိုးစပါး စံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခမျိုးစေ့ထုတ် မိုးစပါး တစ်ဧက၊ အစိုတင်း ၁၃၀ ထွက်ရှိပြီး အခြောက် ၁၁၇.၀၅ တင်းနှုန်း ထွက်ရှိကြောင်း ငွေဆောင်မြို့ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးလှိုင်မျိုးသန့် ထံမှ သိရသည်။
မူမူသွင်(ပြန်/ဆက်)