မယ်စဲ့မြို့ ကျောက်စုကျေးရွာတွင် ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ ပုဂ္ဂလိကမြေပိုင်ဆိုင်မှု အခိုင်အမာရရှိခြင်းဖြင့် နေထိုင်မှုလုံခြုံရေး၊ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂၃ ရက်က မယ်စဲ့မြို့ ကျောက်စုကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် ကြက်ခြေနီအသင်းတွင် အသုံးပြုရန် PPE ဝတ်စုံများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကာကွယ်ကုသရေး လုပ်ငန်းများတွင် မြို့နယ် ကြက်ခြေနီအသင်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိရာ လူသားချင်းစာနာထောက်ထားသော လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အလှူရှင်များမှကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ကူညီပံ့ပိုးလှူဒါန်းပေးလျက်ရှိသည်။

ကိုဗစ်ကာလအတွင်း မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထုတ်ချေးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချောင်းဆုံကျေးရွာတွင် ကိုဗစ်ကာလအတွင်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေများကို ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆဋ္ဌမနှစ်သက်တမ်းအတွက် ထုတ်ချေးပေးခဲ့ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ချောင်းဦးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား သင်တန်းပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွှေးကောက်ပွဲကြီး အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးအဖြစ် တာဝန်ယူကြမည့် သူများအား အဆင်သင့်ဖြစ်စေရန် ရွှေးကောက်ပွဲဆိုင်ရာသင်တန်းကို အနော်ရထာခန်းမ၌ အောက်တိုဘာ (၂၁)ရက်မှ အောက်တိုဘာ(၂၆)ရက်ထိသင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။

ဟိုပုံးမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ အား ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းဆိုင်ရာ ပို့ချချက်သင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်း ဆိုင်ရာပို့ချချက် သင်တန်းဖွင့်လှစ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် သီရီမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့ သာသနာ့ဗိမ္မာန်၌ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ချောင်းဆုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်/ကျေးကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား သင်တန်းဖွင့်

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မဲရုံမှူးနှင့်ဒုမဲရုံမှူးတို့အား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲခန့်က ကျွန်းသာယာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးရန်အတွက် မဲလက်မှတ်၊ မဲပုံးနှင့် ပစ္စည်းများထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒနယ်‌မြေများ အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်‌ရန် မဲလက်မှတ်၊ မဲပုံးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြန်အောင်မြို့တွင် ကြိုတင်ဆန္ဒမဲပုံးအားစစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ကာ ကြိုတင်ဆန္ဒမဲများ ထည့်သွင်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကြိုတင် ဆန္ဒမဲပုံးအားစစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း၊ ကြိုတင်ဆန္ဒမဲများ ထည့်သွင်းခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့၌ Quarantine Centre ဝင်ရောက်သူများအား နှာခေါင်း/အာခေါင် (SWAB) တို့ပတ်ရယူခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Quarantine Centre ဝင်ရောက်သူ(၆၅)ဦးတို့အား နှာခေါင်း/ အာခေါင်(SWAB) တို့ဖတ်ရယူခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ရာ၊

ဂန့်ဂေါ၌ အသက် (၆၀)ကျော် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းအကြောင်း ရှင်းလင်း

ဂန့်ဂေါမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များကို ဂန့်ဂေါမြို့နယ်အတွင်း၌ သင်တန်းနေရာ ၃၀ တွင် တန်းခွဲပေါင်း ၄၄ ခုတို့၌ အောက်တိုဘာ ၂၀ ရက်မှ အောက်တိုဘာ ၂၃ ရက်ထိ သင်တန်းဖွင့်လှစ်ကာ ဆောင်ရွက်ရန်လုပ်ငန်းများကို ပို့ချဆွေးနွေးခဲ့​ကြောင်းသိရသည်။
Subscribe to