မင်းလှ အောက်တိုဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများ အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်၊ မဲပုံးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများတို့က မဲပုံး၊ လုံခြုံရေးကြိုး၊ အမှန်ခြစ်တံဆိပ်တုံး၊ မဲလက်မှတ်၊ မဲလက်မှတ်စာအိတ်ကြီး၊ မဲလက်မှတ်စာအိတ်သေး( ပြည်/မျိုး/တိုင်း)၊ ပုံစံ-၁၃ စာရွက်၊ မဲစာရင်းပုံစံ (၁)၊(၁-က) Training Bag (Memory Stick တစ်ခုစီပါ) စုစုပေါင်းပစ္စည်း(၉) မျိုးအား ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံသို့ ထုတ်ပေးခဲ့သည်။
မင်းလှမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာပေါင်း(၆၆)အုပ်စု၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၉၇၁၇၄) ဦး ရှိပြီး၊ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ နိုဝင်ဘာ ၇ ရက်နေ့ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ပေါက်စ (မင်းလှ