မယ်စဲ့မြို့ ကျောက်စုကျေးရွာတွင် ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မယ်စဲ့     အောက်တိုဘာ     ၂၄       

နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ ပုဂ္ဂလိကမြေပိုင်ဆိုင်မှု အခိုင်အမာရရှိခြင်းဖြင့် နေထိုင်မှုလုံခြုံရေး၊ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂၃ ရက်က မယ်စဲ့မြို့ ကျောက်စုကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘောလခဲခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောက်စု ကျေးရွာနေ ပြည်သူများ မြေယာပိုင်ဆိုင်မှု  အထောက်အထားကင်းမဲ့စွာ နေထိုင်ရခြင်းအစား  ခိုင်မာသည့်တရားဝင် အထောက်အထားရရှိစေပြီး မြေငှားဂရန် ပေးအပ်နိုင်ရေးအတွက် အိမ်ထောင်စု (၁၆၁)စုကို မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ဝတ်ရည်(ပြန်/ဆက်)