မြန်အောင် အောက်တိုဘာ ၂၄
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကြိုတင် ဆန္ဒမဲပုံးအားစစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း၊ ကြိုတင်ဆန္ဒမဲများ ထည့်သွင်းခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြိုတင် ဆန္ဒမဲပုံးအားစစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း၊ ကြိုတင်ဆန္ဒမဲများ ထည့်သွင်းခြင်းတို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ နိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ ကြပြီး မဲပုံးများကို ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ပြီး ကြိုတင်မဲ လက်မှတ်များအား ပွင့်လင်းမြင်သာစွာ မဲပုံးအတွင်းသို့ ထည့်သွင်းခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)