ဂန့်ဂေါ အောက်တိုဘာ ၂၄
ဂန့်ဂေါမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များကို ဂန့်ဂေါမြို့နယ်အတွင်း၌ သင်တန်းနေရာ ၃၀ တွင် တန်းခွဲပေါင်း ၄၄ ခုတို့၌ အောက်တိုဘာ ၂၀ ရက်မှ အောက်တိုဘာ ၂၃ ရက်ထိ သင်တန်းဖွင့်လှစ်ကာ ဆောင်ရွက်ရန်လုပ်ငန်းများကို ပို့ချဆွေးနွေးခဲ့ကြောင်းသိရသည်။
ဂန့်ဂေါခရိုင် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးတင်ဝင်းနှင့် အဖွဲ့ဝင်များသည် အဆိုပါ သင်တန်းများ၌ အသက်(၆၀)ကျော် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။
သင်တန်းပို့ချဆွေးနွေးရာတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန် ချက်များကို ပို့ချဆွေးနွေးခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောသည်။
အဆိုပါ သင်တန်းများတွင် ရွေးကောက်ပွဲတာဝန်ရှိသူများ၊ စစ်ဆေးရန်အချက်အလက်များ စာအုပ်များကို ခွဲဝေပေးခဲ့ကြောင်းနှင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာချက်အရ ဂန့်ဂေါမြို့နယ်၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၁၀၈၄၉၆ ဦး ရှိကြောင်း သိရသည်။
တောင်သားမောင်သန်း