ရွှေဘို၊ အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချောင်းဆုံကျေးရွာတွင် ကိုဗစ်ကာလအတွင်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေများကို ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆဋ္ဌမနှစ်သက်တမ်းအတွက် ထုတ်ချေးပေးခဲ့ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ထိုရန်ပုံငွေများကို မိမိတို့ကျေးရွာရှိ မြစိမ်းရောင်လုပ်ငန်းများ ရေရှည်အကျိုးဖြစ်စေရန် စီမံကိန်း အသင်းဝင်များနှင့် ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ကျရန်၊ ထုတ်ချေးပေးသည့် ချေးငွေများကို လည်း မိမိတို့လုပ်ကိုင် ဆောင်ရွက်မည့် လုပ်ငန်းများတွင်ထိရောက်စွာ အသုံးပြုကျရန် လိုအပ်ကြောင်း၊ ထိုသို့လုပ်ကိုင်ပြီး အတိုးရငွေများ တိုးပွားလာမှ မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကျိုးရှိစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မြစိမ်းရောင် အသင်းဝင်များကို ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်က ပြောကြားခဲ့သည်။
အဆိုပါ ချောင်းဆုံကျေးရွာ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်သက်တမ်းအတွက် စိုက်ပျိုးရေး လုပ်ကိုင်သူ(၉၉)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၄၂)ဦး၊ အရောင်းအဝယ်(၁၉)ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ(၁၇)ဦး စုစုပေါင်း (၁၇၇)ဦးအား မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ(၅၀၆)သိန်းကို မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူနှင့် တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ထုတ်ချေးခဲ့သည်။
ထွန်းမြင့်အောင်(ရွှေဘို)