ဟိုပုံးမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ အား ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းဆိုင်ရာ ပို့ချချက်သင်တန်း ဖွင့်လှစ်

ဟိုပုံး အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်း ဆိုင်ရာပို့ချချက် သင်တန်းဖွင့်လှစ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် သီရီမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့ သာသနာ့ဗိမ္မာန်၌ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ဒေါ်တင်တင်မွှေးအား မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်များကိုယ်စား လက်စွဲစာအုပ်များပေးအပ်ခဲ့သည်။ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲပေးခြင်းဆိုင်ရာ ဥပဒေကဏ္ဍရပ်များ၊ ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာ အထွေထွေကိစ္စရပ်များ၊ ရွေးကောက်ပွဲနေ့ ပြင်ဆင်မှု၊ မသန်စွမ်းသူများနှင့် အကူအညီလိုအပ်သူ မဲဆန္ဒရှင်များ မဲပေးခြင်းဆိုင်ရာစစ်ဆေးရမည့်အချက်များ၊ ရွေးကောက်ပွဲနေ့ လုံခြုံရေးနှင့် စိုးရိမ်ရန်ရှိသောအခြေအနေနှင့် ထူးခြားဖြစ်စဉ်၊ ရွေးကောက်ပွဲတွင် လိုက် နာဆောင်ရွက်ရမည့် အချက်များ၊  ရွေးကောက်ပွဲဆိုင်ရာ သတင်းရယူခြင်းနှင့်    မဲရုံပိတ်ခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရုံသုံးပုံစံများ ဖြည့်သွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊  မဲရေတွက်ခြင်းနှင့် ထုတ်ပိုး မှုပုံစံများ လက်တွေ့သရုပ်ပြခြင်းများ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း    သင်တန်းကာလကို အောက်တိုဘာလ (၂၄)ရက်နေ့မှ (၂၅)ရက် နေ့အထိ ဟိုပုံးမြို့နယ် အတွင်း မဲရုံ(၈၄)ရုံအတွက် မဲရုံမှူး၊  ဒုမဲရုံမှူး စုစုပေါင်း (၈၄)ဦးနှင့် ရပ်/ကျေးရွာအုပ်စု စာရေးဝန်ထမ်း(၂၈)ဦးတို့အား ပို့ချသွားသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)