မိုးမိတ်မြို့၌ Quarantine Centre ဝင်ရောက်သူများအား နှာခေါင်း/အာခေါင် (SWAB) တို့ပတ်ရယူခြင်း ဆောင်ရွက်

မိုးမိတ်  အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Quarantine Centre ဝင်ရောက်သူ(၆၅)ဦးတို့အား နှာခေါင်း/ အာခေါင်(SWAB) တို့ပတ်ရယူခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ရာ အဆိုပါ Quarantine Centre ဝင်ရောက်သူများသည်  မိုးမိတ်မြို့နယ်အတွင်း နေထိုင်သူများသာဖြစ်ပြီး  ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကို မန္တလေးမြို့သို့ ဓါတ်ခွဲအတည်ပြုနိုင်ရေး ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)