မော်လမြိုင်ကျွန်းမြို့နယ် ကြက်ခြေနီအသင်းတွင် အသုံးပြုရန် PPE ဝတ်စုံများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၄

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကာကွယ်ကုသရေး လုပ်ငန်းများတွင် မြို့နယ် ကြက်ခြေနီအသင်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိရာ လူသားချင်းစာနာထောက်ထားသော လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အလှူရှင်များမှကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ကူညီပံ့ပိုးလှူဒါန်းပေးလျက်ရှိသည်။

ယမန်နေ့ ညနေက ဦးအေးဆွေ+ဒေါ်တင်တင်ယု (သား)မောင်ဝင်းမော်ဦး သမီး မနှင်းအိရွှေရည်၊ (ညီ)ကိုစိုးအောင်+မမြင့်သူဇာဝင်း ရွှေဥဒေါင်း ရွှေဆိုင် မိသားစုမှ PPE ဝတ်စုံ (၁ဝဝ)စုံ ၊ Surgical gowns ( ၅ဝ )စုံ ၊ Face  Shield နှင့် ခေါင်းစွပ်( ၁ဝဝ) စုံ၊ ပိုးသတ်ဆေး ၃ ပုံး တို့အား ကိုအောင်ကြီး (တွဲလက်များ ပရဟိတအဖွဲ့) မှတစ်ဆင့် လှူဒါန်းခြင်း၊ ကိုကျော်မင်း +မဝေဝေနွယ် (လမင်းသာ စတိုးမိသားစု)မှ PPE ဝတ်စုံ ၁ဝ စုံ၊ ရေဇလားကြီး ၂ လုံး၊ ဖခင်ကြီး ဦးဝင်းမောင်အားရည်စူး၍ ထွန်းသီရိအောင် ရေယာဉ်လိုင်း မိသားစု၊ ဆင်မဝဲချောင်းရွာမှ ကျပ်တစ်သိန်းတို့ ကိုလှူဒါန်းပေးအပ်ရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကောင်းမြတ်နှင့် အဖွဲ့မှ အသင်းရုံးတွင် လက်ခံရယူခြင်း၊ အိမ်တိုင်ရာရောက် သွားရောက်လက်ခံခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။

သီတာအောင်(ပြန်ဆက်)